အရေးကြီးသည်- ဤသဘောတူညီချက်သည် သင်နှင့် HONOR Device Co., Ltd (ဤမှစ၍ နောင်တွင် "HONOR" ဟု ရည်ညွှန်းသည်) အကြား Honor Suite (ဤ "ဆော့ဖ်ဝဲ") အား အသုံးပြုမှုအပေါ် လွှမ်းမိုးသည့် အသုံးပြုသူလိုင်စင် သဘောတူညီချက်တစ်ခု ဖြစ်သည်။ အင်စတောလုပ်ပါ ကို နှိပ်ခြင်းဖြင့် သင်သည် ဤသဘောတူညီချက်ပါ အကြောင်းအရာများကို ဂရုတစိုက်ဖတ်ရှုပြီးဖြစ်၍ ဤသဘောတူညီချက်တွင် ပါဝင်သော စည်းကမ်းချက်အားလုံကို လက်ခံသည်ဟု မှတ်ယူသည်။

1. အကျုံးဝင်မှု အတိုင်းအတာ
ဤသဘောတူညီချက်သည် Honor Suite အပေါ်တွင်သာ သက်ရောက်မှု ရှိသည်။ ဤသဘောတူညီချက်ဖြင့် ခွင့်ပြုလိုက်သော လုပ်ပိုင်ခွင့်များသည် အခြားဆော့ဖ်ဝဲအပေါ် သက်ရောက်မှု မရှိပါ။

2. ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်များ
ဤဆော့ဖ်ဝဲအတွက် ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်များကို HONOR မှ ပိုင်ဆိုင်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတကာ မူပိုင်ခွင့်သဘောတူစာချုပ်များနှင့် ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်များအပေါ် လွှမ်းမိုးသော အခြား သက်ဆိုင်သော ဥပဒေများနှင့် သဘောတူညီချက်များဖြင့် ကာကွယ်ထားသည်။

3. လိုင်စင်အကျုံးဝင်မှု အတိုင်းအတာ
3.1 ဤဆော့ဖ်ဝဲကို အခမဲ့ ပံ့ပိုးပေးထားသည်။ ဤဆော့ဖ်ဝဲကို ဒေါင်းလုဒ်လုပ်၊ ထည့်သွင်းပြီး စီးပွားဖြစ်မဟုတ်သော ရည်ရွယ်ချက်များအတွက် ကိရိယာအလုံးရေ အကန့်အသတ်မရှိဘဲ အသုံးပြုနိုင်သည်။
3.2 ဤဆော့ဖ်ဝဲကို စီးပွားဖြစ်မဟုတ်သော ရည်ရွယ်ချက်များအတွက် ကိရိယာအလုံးရေ အကန့်အသတ်မရှိတွင် ကူးယူ၊ ပေးပို့၊ ဖြန့်ချိနိုင်သည်။ သို့သော် ပေးပို့ သို့မဟုတ် ဖြန့်ချိထားသည့် ဤဆော့ဖ်ဝဲ၏ ကော်ပီအားလုံးအပါအဝင် ဤဆော့ဖ်ဝဲ၏ ကော်ပီအားလုံးသည် ပြည်စုံမှုရှိကြောင်း၊ အီလက်ထရောနစ် စာရွက်စာတမ်းများ၊ မူပိုင်ခွင့် သတိပေးချက်များ၊ ကုန်ပစ္စည်း အမှတ်တံဆိပ်များနှင့် ဤသဘောတူညီချက်အပါအဝင် ဤဆော့ဖ်ဝဲနှင့်အတူ ထည့်သွင်းထားသော အချက်အလက်အားလုံး ပါဝင်ကြောင်း သေချာစေရမည်။

4. အသုံးပြုရန် ကန့်သတ်ချက်များ
4.1 သင်သည် ဖွဲ့စည်းတည်ဆောက်မှုပိုင်းကို ပြောင်းလဲခြင်း၊ ဤဆော့ဖ်ဝဲကို ပြောင်းပြန်စီမံပြုလုပ်ခြင်း၊ ပြောင်းပြန် တပ်ဆင်ခြင်း သို့မဟုတ် ပြန်ဖြုတ်ပစ်ခြင်း မပြုလုပ်ရ။ ထို့အပြင် သင်သည် ဆော့ဖ်ဝဲဖိုင်များထဲတွင် ပါဝင်သော မည်သည့် ရင်းမြစ်များကိုမဆို တည်းဖြတ်ခြင်း မပြုလုပ်ရ။
4.2 ဤဆော့ဖ်ဝဲကို တစ်စစီဖြုတ်ပစ်ခြင်း သို့မဟုတ် ဤဆော့ဖ်ဝဲ၏ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ၊ အားလုံးကိုဖြစ်စေ အခြားဆော့ဖ်ဝဲစနစ်များထဲတွင် မြှုပ်သွင်းခြင်း မပြုလုပ်ရ။
4.3 သင်သည် ဤဆော့ဖ်ဝဲတွင်ပါဝင်သော မူပိုင်ခွင့် အကြောင်းအရာများ သို့မဟုတ် သတိပေးချက်များကို မဖျက်ပစ်ရ။
4.4 ဆင့်ပွား ဆော့ဖ်ဝဲ သို့မဟုတ် အပလီကေးရှင်းများကို ပြုလုပ်ရန် ဤဆော့ဖ်ဝဲကို အသုံးမပြုရ။
4.5 ဤဆော့ဖ်ဝဲပါ မည်သည့် လုပ်ဆောင်ချက်များကိုမဆို တရားမဝင်ကိစ္စရပ်များ ဆောင်ရွက်ရာတွင် အသုံးမပြုရ။
4.6 HONOR သည် ဤသဘောတူညီချက်ထဲတွင် ဖော်ပြပြီး သင့်အတွက် ခွင့်မပြုထားသည့် အခြားလုပ်ပိုင်ခွင့်အားလုံးကို ထိန်းသိမ်းထားသည်။

5. မသက်ဆိုင်ကြောင်း ငြင်းဆိုချက်
5.1 ဤဆော့ဖ်ဝဲကို ၎င်း၏ "ရှိရင်းစွဲ" အတိုင်း ပံ့ပိုးပေးထားသည်။ ဤဆော့ဖ်ဝဲမှ ပံ့ပိုးပေးသည့် ဝန်ဆောင်မှုများသည် အချိန်မီဖြစ်မည် သို့မဟုတ် တိကျမှန်ကန်မည်ဟု HONOR အာမခံခြင်း မရှိပါ။
5.2 ဤဆော့ဖ်ဝဲမှ ပံ့ပိုးပေးသည့် ဝန်ဆောင်မှုများသည် ထိန်းချုပ်၍ မရနိုင်သော အခြေအနေများ၊ ကွန်ပျူတာ ဗိုင်းရပ်စ်များ၊ ဟက်ကာများ၏ တိုက်ခိုက်မှုများ၊ စနစ် လိုက်ဖက်မညီမှုနှင့် အခြား သတ်မှတ်မထားသော အကြောင်းရင်းများကြောင့် မှန်ကန်စွာ လုပ်ဆောင်မည်မဟုတ်ကြောင်း သင်က ဤနည်းအားဖြင့် အသိအမှတ်ပြုပါသည်။ HONOR ၏ အမှားမဟုတ်ဘဲ ဒေတာ အမှားများ သို့မဟုတ် ဒေတာဆုံးရှုံးမှုများအတွက် သင့်တွင် ကျရောက်သည့် မည်သည့်ဆုံးရှုံးမှုအတွက်မဆို HONOR တွင် တာဝန်မရှိပါ။

6. အသုံးပြုမှု အချက်အလက်
6.1 ဤဆော့ဖ်ဝဲတွင် ပါဝင်သော လုပ်ဆောင်ချက်များအတွက် သင့်ဖုန်းတွင် Honor Suite ကို ထည့်သွင်းဖို့ လိုသည်။ သင်တောင်းဆိုသည့် ဝန်ဆောင်မှုများကို လုပ်ဆောင်ပေးရန် ဤဆော့ဖ်ဝဲသည် ဖုန်းခေါ်ဆိုရန်၊ စာမက်ဆေ့ချ်များ ပို့ရန်နှင့် သင့်အဆက်အသွယ်များထဲ ဝင်သုံးရန် ခွင့်ပြုချက်များ အပါအဝင် အသုံးပြုစဉ်အတွင်း သင့်ဖုန်းထဲဝင်သုံးစွဲခွင့် လိုအပ်နိုင်သည်။
6.2 တရားဝင် HONOR လည်ပတ်စနစ်ကို အသုံးပြုသော ဖုန်းများတွင်သာ ထည့်သွင်းရန် ဤဆော့ဖ်ဝဲကို ဒီဇိုင်းပြုလုပ်ထားသည်။ တရားဝင် HONOR လည်ပတ်စနစ်ကို အသုံးမပြုသော ကိရိယာများတွင် ဤဆော့ဖ်ဝဲကို ထည့်သွင်းအသုံးပြုသူများအတွက် ဤဆော့ဖ်ဝဲမှ ပေးအပ်သည့် ဝန်ဆောင်မှုများ၏ အရည်အသွေးနှင့်ပတ်သက်ပြီး HONOR က အာမခံခြင်း မရှိပါ။ 
6.3 HONOR မှ ဤဆော့ဖ်ဝဲအတွက် ပြုပြင်မွမ်းမံမှုများကို အချိန်နှင့်တစ်ပြေးညီပေးပို့သွားမည်။ ဝန်ဆောင်မှုများအား သေချာစွာ ဆက်လက်ပံ့ပိုးပေးနိုင်ရန် ဤဆော့ဖ်ဝဲ၏ဗားရှင်းသည် သင့်ဖုန်းတွင်ထည့်သွင်းထားသော Honor Suite ၏ဗားရှင်းနှင့်ကိုက်ညီရမည်။

7. ဖျက်သိမ်းခြင်း
ဤသဘောတူညီချက်ပါ စည်းကမ်းချက်များနှင့် အခြေအနေများကို သင်လိုက်နာဆောင်ရွက်ခြင်း မပြုပါက HONOR နှင့်/သို့မဟုတ် ၎င်း၏ လိုင်စင်ရရှိသူများက ဤသဘောတူညီချက်ကို အချိန်မရွေး ဖျက်သိမ်းပိုင်ခွင့် ရှိသည်။ ဤသဘောတူညီချက်အား ဖျက်သိမ်းပြီးနောက်တွင် ဤဆော့ဖ်ဝဲအား အသုံးပြုခြင်းကို ချက်ချင်း ရပ်ဆိုင်း၍ သင့်ကွန်ပျူတာထဲသို့ ထည့်သွင်း သို့မဟုတ် ကူးယူထားသည့် ဆော့ဖ်ဝဲနှင့် ဆက်စပ်ဒေတာအားလုံးကို ဖျက်ပစ်ရပါမည်။ 

8. အာမခံချက် ကန့်သတ်ထားခြင်း
8.1 ဤသဘောတူညီချက်တွင် ပြည့်စုံရှင်းလင်းစွာ ဖော်ပြထားသော အာမခံချက်များမှလွဲ၍ သီးခြား ရည်ရွယ်ချက်တစ်ခုအတွက် ရောင်းစွံနိုင်မှုနှင့် အံဝင်ခွင်ကျမှုအတွက် အာမခံချက်များ အပါအဝင် ကန့်သတ်မထားဘဲ ဖော်ပြ၍ဖြစ်စေ၊ သွယ်ဝိုက်ညွှန်းဆို၍ဖြစ်စေ HONOR က အခြား အာမခံချက်များကို မပြုလုပ်ပါ။
8.2 HONOR သည် ပြင်ပအဖွဲ့အစည်းဆိုင်ရာ ရပိုင်ခွင့်များအား ချိုးဖောက်မှု မပြုလုပ်ခြင်းနှင့် စပ်လျဉ်း၍ အာမခံချက်များ မပြုလုပ်ပါ။

9. တာဝန်ယူမှု ကန့်သတ်ထားခြင်း
9.1 မခန့်မှန်းနိုင်သော အခြေအနေများ၊ အလွဲသုံးစားပြုမှု၊ လွဲမှားအသုံးပြုမှု၊ သို့မဟုတ် ဤဆော့ဖ်ဝဲအား ခွင့်ပြုချက်မရှိ ပြုပြင်မွမ်းမံခြင်းတို့ကြောင့် ဖြစ်ပေါ်သည့် ဆော့ဖ်ဝဲ ပြဿနာများအတွက် HONOR က တာဝန်ယူမည်မဟုတ်သလို အာမခံချက်များလည်း မပြုလုပ်ပါ။ 
9.2 စီးပွားရေး အမြတ်အစွန်းများ ဆုံးရှုံးမှု၊ စီးပွားရေး အဟန့်အတားဖြစ်မှု၊ အချက်အလက် သို့မဟုတ် ဒေတာဆုံးရှုံးမှုတို့အပါအဝင် ကန့်သတ်မထားဘဲ ဤဆော့ဖ်ဝဲ အသုံးပြုမှုမှ ပေါ်ပေါက်လာသော မတော်တဆဖြစ်သော၊ သွယ်ဝိုက်သော သို့မဟုတ် ပြင်းထန်ဆိုးရွားသော ထိခိုက်ပျက်စီးမှုများအတွက် HONOR မှ တာဝန်ယူမည်မဟုတ်ပါ။ ထိုထိခိုက်ပျက်စီးမှုများ ပေါ်ပေါက်နိုင်မှုကို အကြံပြုထားသည့်တိုင် HONOR က တာဝန်ယူမည်မဟုတ်ပါ။ 

10. ဗားရှင်း အဆင့်မြှင့်မှုများ
10.1 HONOR သည် နောက်ပိုင်းတွင် ဤဆော့ဖ်ဝဲအတွက် အဆင့်မြှင့်ထားသောဗားရှင်းများကို ထုတ်ဝေခြင်း ပြုရန်၊ မပြုရန် ဆုံးဖြတ်ပိုင်ခွင့် ရှိသည်။
10.2 အစားထိုးလိုင်စင် သဘောတူညီချက်တစ်ခုကို မထုတ်ပြန်ပါက ဤသဘောတူညီချက်သည် ဤဆော့ဖ်ဝဲ၏ အဆင့်မြှင့်ထားသော ဗားရှင်းများအတွက် အကျုံးဝင်ဆဲဖြစ်ပါမည်။
10.3 အဆင့်မြှင့်ထားသည့်ဗားရှင်းအဖြစ် ဤဆော့ဖ်ဝဲကို မှတ်သားထားပါက ဤသဘောတူစာချုပ်ကို သင် လိုက်နာဆောင်ရွက်ရပါမည်။

11. ရေးသား၍ ဆက်သွယ်ပြောဆိုမှုများ
ဤသဘောတူညီချက်နှင့် စပ်လျဉ်းသော ဆက်သွယ်ပြောဆိုမှုအားလုံးကို ရေးသားထားသင့်သည်။

12. အထွေထွေ
12.1 သင်သည် ဥရောပသမဂ္ဂနိုင်ငံတွင် အခြေစိုက်သည့် အသုံးပြုသူတစ်ဦးဖြစ်ပါက ဤသဘောတူညီချက်ကို ဂျာမနီနိုင်ငံ၏ ဥပဒေများအရ လွှမ်းမိုးချုပ်ကိုင်ပါမည်။ဤသဘောတူညီချက်နှင့် ပတ်သက်၍ သင်နှင့် HONOR အကြားရှိ မည်သည့် အငြင်းပွားမှုကိုမဆို ဂျာမနီနိုင်ငံရှိ တရားစီရင်ပိုင်ခွင့်ဖြင့် တရားရင်ဆိုင်ရန်အတွက် တရားရုံးတစ်ခုတွင် တင်ပြရပါမည်။ သင်သည် အခြားနိုင်ငံ သို့မဟုတ် ဒေသ အခြေပြု သုံးစွဲသူတစ်ဦးဖြစ်ပါက ဤသဘောတူညီချက်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဥပဒေများအရ လွှမ်းမိုးချုပ်ကိုင်မည် ဖြစ်ပါသည်။ ဤသဘောတူညီချက်နှင့် စပ်လျဉ်းသော မည်သည့် အငြင်းပွားမှုကိုမဆို ခင်မင်ရင်းနှီးသော ဆွေးနွေးပြောဆိုမှုဖြင့် ဖြေရှင်းဆောင်ရွက်ရပါမည်။ အငြင်းပွားမှုအား ဆွေးနွေးပြောဆိုမှုဖြင့် ဖြေရှင်းဆောင်ရွက်၍ မရနိုင်သည့်အခါ တရားစွဲဆိုခြင်းဖြင့် ဖြေရှင်းရန် ထိုအငြင်းပွားမှုကို ရှန်းဇန်လောင်းဂန်ခရိုင် ပြည်သူ့တရားရုံးသို့ တင်ပြပါမည်။
12.2 နှုတ်ဖြင့် သဘောတူညီချက်ကို ထည့်သွင်းခြင်းမပြုပါ။
12.3 ဤသဘောတူစာချုပ်ရှိ ပြဌာန်းချက်တစ်ခုခုသည် အကြောင်းအရင်း တစ်စုံတစ်ရာကြောင့် တစ်ခုလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ တရားမဝင် သို့မဟုတ် အာဏာမတည်ဖြစ်လာသည့် ဖြစ်စဉ် သို့မဟုတ် သက်ဆိုင်ရာ ဥပဒေတစ်ခုခုကို ချိုးဖောက်သည့် ဖြစ်စဉ်တွင် အဆိုပါ ပြဌာန်းချက်ကို တရားမဝင်အဖြစ် ယူဆပါမည်။ သို့သော် ဤသဘောတူညီချက်ပါ အခြားပြဌာန်းချက်များ၏ တရားဝင်မှုနှင့် အာဏာတည်မှုကို မထိခိုက်စေရပါ။
12.4 HONOR က ဤသဘောတူညီချက်ကို အချိန်နှင့်တပြေးညီ ပြင်ဆင်ခြင်း သို့မဟုတ် ပြုပြင်မွမ်းမံခြင်း ပြုလုပ်နိုင်ပြီး ထိုမွမ်းမံထားသော ဗားရှင်းကို ဥပဒေအရခွင့်ပြုထားသော နည်းလမ်းများဖြင့် သင့်ထံသို့ ပေးပို့ပါမည်။ HONOR ၏ ဤသဘောတူညီချက်အား ပြုပြင်မွမ်းမံမှုကို သင်လက်မခံပါက ဤဆော့ဖ်ဝဲအား အသုံးပြုခြင်းကို ချက်ချင်းရပ်ဆိုင်းသင့်ပါသည်။ HONOR ၏ ပြင်ဆင်ချက်ကို လက်ခံရရှိပြီးနောက် ဤဆော့ဖ်ဝဲအား ဆက်လက်အသုံးပြုပါက HONOR ၏ ဤသဘောတူညီချက်အား ပြုပြင်မွမ်းမံမှုအား သင်လက်ခံကြောင်း ညွှန်ပြပါသည်။

13. သဘောတူညီချက် တစ်ခုလုံး
ဤသဘောတူညီချက်နှင့် ၎င်း၏ နောက်ဆက်တွဲများက ဤသဘောတူညီချက်ပါ အကြောင်းအရာနှင့် စပ်လျဉ်းသည့် နှစ်ဦးနှစ်ဖက်အကြား သဘောတူညီချက် တစ်ခုလုံးပင်ဖြစ်ပြီး ထိုအကြောင်းအရာနှင့် စပ်လျဉ်းသော မည်သည့် ယခင်ဖော်ပြချက် သို့မဟုတ် သွယ်ဝိုက်ညွှန်းဆိုထားသော တင်ပြချက်များ နှင့်/သို့မဟုတ် သဘောတူညီချက်မဆိုကို အစားထိုးပါသည်။ ဤသဘောတူညီချက်တွင် ဤဆော့ဖ်ဝဲနှင့် စပ်လျဉ်းသော HONOR ၏ တာဝန်ဝတ္တရားအားလုံး ပါဝင်ပါသည်။
