1. ကျွန်ုပ်တို့၏ အကြောင်း
HiSuite နှင့် ၎င်း၏ ဆက်စပ်နည်းပညာများနှင့် လုပ်ဆောင်ချက်များ (စုစည်း၍ "ဝန်ဆောင်မှုများ") ကို မှတ်ပုံတင်ရုံးခန်းလိပ်စာ No. 2 Xincheng Road, Songshan Lake District, Dongguan, Guangdong Province, China ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဥပဒေအရ တရားဝင်ဖွဲ့စည်းထားသည့် ကုမ္ပဏီတစ်ခုဖြစ်သော Huawei Device Co., Ltd. (ဤမှစ၍နောင်တွင် "Huawei"၊ "ကျွန်ုပ်တို့"၊ "ကျွန်ုပ်တို့ကို" သို့မဟုတ် "ကျွန်ုပ်တို့၏" ဟု ရည်ညွှန်းထားပါသည်) က လည်ပတ်လုပ်ဆောင်သည်။ (အောက်တွင် သတ်မှတ်ဖော်ပြထားသည့်အတိုင်း) ဤသဘောတူညီချက်တွင် "သင်" နှင့် "သုံးစွဲသူ" ဆိုသည်မှာ ဝန်ဆောင်မှုများကို အသုံးပြုသူ နှင့်/သို့မဟုတ် ဝင်ရောက် သုံးစွဲသူ မည်သူမဆိုကို ရည်ညွှန်းသည်။
2. သဘောတူညီချက်၏ ရည်ရွယ်ချက်
ဤသုံးစွဲသူ သဘောတူညီမှု၊ ကိုယ်ရေးအချက်အလက် လုံခြုံရေး အသိပေးချက်နှင့် ကြေညာချက် (သင့်ဖုန်းတွင် HiSuite > အကြောင်း သို့ သွားခြင်းဖြင့် ၎င်းတို့ကို ကြည့်ရှုနိုင်သည်) နှင့် ဝန်ဆောင်မှုများမှတစ်ဆင့် ထုတ်ပြန်ထားသော သို့မဟုတ် ရရှိနိုင်အောင် ပြုလုပ်ထားသော အခြားမူဝါဒများနှင့် အချက်အလက်များ (စုပေါင်း၍ "သဘောတူညီချက်" ဟု ရည်ညွှန်းထားသည်) သည် ဝန်ဆောင်မှုများကို အသုံးပြု၍ ဝင်ရောက် သုံးစွဲမှုအတွက် သင်နှင့် သက်ဆိုင်သော စည်းကမ်းချက်နှင့် သတ်မှတ်ချက်များ ဖြစ်ပါသည်။ ကျွန်ုပ်တို့က မည်သူဖြစ်သည်၊ ကျွန်ုပ်တို့က သင့်ထံ ဝန်ဆောင်မှုများကို မည်သို့ပံ့ပိုးပေးသည်၊ ဝန်ဆောင်မှုများတွင် သို့မဟုတ် ဝန်ဆောင်မှုများနှင့် ဆက်စပ်ပြီး ခွင့်ပြုထားသည့် လုပ်ဆောင်ချက်များနှင့် ခွင့်ပြုမထားသည့် လုပ်ဆောင်ချက်များ၊ ဝန်ဆောင်မှုတွင် ပြဿနာတစ်ခုရှိလာပါက လုပ်ဆောင်ရမည့် အရာနှင့် အခြားအရေးကြီးသော အချက်အလက်များကို ဤသဘောတူညီချက်တွင် ဖော်ပြထားပါသည်။ ဤသဘောတူညီချက်ကို ဂရုတစိုက် ဖတ်ရှုပါ။ ဝန်ဆောင်မှုများကို အသုံးပြုခြင်းဖြင့် သင်သည် ကျွန်ုပ်တို့နှင့်အတူ တရားဝင် သဘောတူညီချက်တစ်ခုကို ပြုလုပ်လိုက်ခြင်း ဖြစ်ပါသည်။ ဤသဘောတူညီချက်ကို သင် လက်မခံပါက ဝန်ဆောင်မှုများကို အသုံးမပြုရပါ။
3. သတ်မှတ်ချက်ပြည့်မီမှု
ဝန်ဆောင်မှုများကို ဝင်ရောက် သုံးစွဲ၍ အသုံးပြုရန် သင်သည် အသက် 18 နှစ်နှင့် အထက် သို့မဟုတ် သင်နေထိုင်သော တရားဝင် တရားစီရင်ပိုင်ခွင့် နယ်မြေအတွက် သတ်မှတ် အရွယ်ရောက်အသက်အရွယ်ကို ပြည့်ပြီး ဖြစ်ရမည်။ သင်သည် အသက် 18 အောက် သို့မဟုတ် သတ်မှတ် အရွယ်ရောက်အသက် မရှိသေးပါက သင့်မိဘ သို့မဟုတ် တရားဝင် အုပ်ထိန်းသူသည် ဝန်ဆောင်မှုများကို သင် အသုံးပြုနိုင်ရန် သင့်ကိုယ်စား ဤသဘောတူညီချက်၏ စည်းမျဉ်းများကို သဘောတူရမည်။
4. ဝန်ဆောင်မှုများကို ဝင်ရောက် သုံးစွဲခြင်း
ဤသဘောတူညီချက်အရနှင့် ဤသဘောတူညီချက်အပေါ် မူတည်ပြီး ဝန်ဆောင်မှုများကို ဝင်ရောက် သုံးစွဲရန်နှင့် အသုံးပြုရန် ကျွန်ုပ်တို့က သင့်ကို ကန့်သတ်ထားသော၊ အထူးသီးသန့်မဟုတ်သော၊ လွှဲပြောင်း၍ မရနိုင်သော၊ လိုင်စင် ပြန်ခွဲပေး၍ မရနိုင်သော၊ ပြန်လည်ရုပ်သိမ်းနိုင်သော လိုင်စင်ကို တရားဝင် ပေးအပ်လိုက်ပါသည်။
5 ဝန်ဆောင်မှုများ
Windows PC အတွက် ဝန်ဆောင်မှုများက အောက်ပါတို့ကို ပံ့ပိုးပေးသည်-
(1) ကျွန်ုပ်၏ စက်များ- သင့်ဖုန်းရှိ အဆက်အသွယ်များ၊ SMS များ၊ ရုပ်ပုံများ၊ ဗီဒီယိုများနှင့် ဖိုင်များကို ထည့်သွင်းခြင်း၊ ထုတ်ယူခြင်း၊ ဖျက်ခြင်းနှင့် ပြန်လုပ်ခြင်း၊ အက်ပ်များကို အပ်ဒိတ်လုပ်ခြင်းနှင့် ဖျက်ခြင်းနှင့် Outlook မှ အဆက်အသွယ်များနှင့် ဖြစ်စဉ်များကို ချိန်ကိုက်ခြင်းတို့ကို ပြုလုပ်နိုင်စေခြင်း။
(2) ဒေတာ ဘက်ခ်အပ်- သင်၏ အဆက်အသွယ်များ၊ SMS များ၊ ခေါ်ဆိုမှု စာရင်းများ၊ မှတ်စုများ၊ မှတ်တမ်းတင်မှုများ၊ ဖြစ်စဉ်များ၊ တေးဂီတ၊ ဗီဒီယိုများ၊ စာရွက်စာတမ်းများ၊ အက်ပ်များနှင့် ဒေတာ၊ စနစ်စက်များနှင့် Password Vault ကို ဘက်ခ်အပ်လုပ်နိုင်စေခြင်း။
(3) ဒေတာကို မူလအတိုင်း ပြန်ထားခြင်း- အထက်ဖော်ပြပါ ဒေတာဘက်ခ်အပ်များကို မူလအတိုင်းပြန်ထားနိုင်စေခြင်း။
(4) စနစ်အပ်ဒိတ်များ- ဖုန်းတွင် ဆော့ဖ်ဝဲ အပ်ဒိတ်နှင့် ဗားရှင်းနှိမ့်ခြင်းတို့ကို လုပ်ဆောင်နိုင်စေခြင်း။ ဝန်ဆောင်မှုကို သေချာ ပံ့ပိုးပေးနိုင်စေရန် သင်သည် စနစ်ဆော့ဖ်ဝဲကို အချိန်မီအပ်ဒိတ်လုပ်ရန် လိုအပ်သည်။
(5) စနစ်ပြင်ဆင်မှုများ- သင့်အား စနစ်ပြင်ဆင်မှု လုပ်ဆောင်ချက်ကို ပံ့ပိုးပေးခြင်း။ ဥပမာ- သင့်ဖုန်းကို ပါဝါဖွင့်၍မရခြင်းကဲ့သို့ စနစ်ပြဿနာတစ်ခုနှင့် ကြုံတွေ့ရပါက စနစ်ကို ပြင်ဆင်ရန်အတွက် ဤလုပ်ဆောင်ချက်ကို သုံးရန် သင့်အား အကြံပြုသည်။
Mac အတွက် ဝန်ဆောင်မှုများက အောက်ပါတို့ကို ပံ့ပိုးပေးသည်-
(1) ကျွန်ုပ်၏ စက်များ- သင့်ဖုန်းရှိ အဆက်အသွယ်များ၊ SMS များ၊ ရုပ်ပုံများ၊ ဗီဒီယိုများနှင့် ဖိုင်များကို ထည့်သွင်းခြင်း၊ တင်ပို့ခြင်း၊ ဖျက်ခြင်းနှင့် ပြန်လုပ်ခြင်းတို့ကို ပြုလုပ်နိုင်စေခြင်း။
(2) ဒေတာ ဘက်ခ်အပ်- သင်၏ အဆက်အသွယ်များ၊ SMS များ၊ ခေါ်ဆိုမှု စာရင်းများ၊ မှတ်စုများ၊ မှတ်တမ်းတင်မှုများ၊ ဖြစ်စဉ်များ၊ တေးဂီတ၊ ဗီဒီယိုများ၊ စာရွက်စာတမ်းများ၊ အက်ပ်များနှင့် ဒေတာ၊ စနစ်စက်များနှင့် Password Vault ကို ဘက်ခ်အပ်လုပ်နိုင်စေခြင်း။
(3) ဒေတာကို မူလအတိုင်း ပြန်ထားခြင်း- အထက်ဖော်ပြပါ ဒေတာဘက်ခ်အပ်များကို မူလအတိုင်း ပြန်ထားနိုင်စေခြင်း။
တရားဝင် လုပ်ဆောင်ချက်စနစ်များဖြင့် လုပ်ဆောင်လျက်ရှိသောဖုန်းများအတွက်သာ ဝန်ဆောင်မှုများကို အသုံးပြုရန် ရည်ရွယ်သည်။ Huawei သည် တရားမဝင်လုပ်ဆောင်ချက်စနစ်များကို သုံးသူများအတွက် ဝန်ဆောင်မှုနှင့်ပတ်သက်၍ မည်သည့်အရည်အသွေး အာမခံချက်ကိုမျှ မပြုလုပ်ပါ။
ဝန်ဆောင်မှုကို သင် ရရှိအသုံးပြုနိုင်စေရန် ဆော့ဖ်ဝဲ အပ်ဒိတ် သို့မဟုတ် အဆင့်မြှင့်တင်မှုတို့ လုပ်ထားနိုင်သော ဝန်ဆောင်မှုများ၏ နောက်ဆုံးထွက်ဗားရှင်းကို ပုံမှန်စစ်ဆေးရန် သင့်အား တိုက်တွန်းပါသည်။
6. သုံးစွဲမှု စည်းမျဉ်းများ
ဝန်ဆောင်မှုများကို ဝင်ရောက် အသုံးပြုခြင်းဖြင့် သင်သည် ဥပဒေနှင့်ညီညွတ်ပြီး ကျင့်ဝတ်နှင့် လျော်ညီသည့် ပုံစံအပြင် ဤသဘောတူညီချက်နှင့်အညီလည်း ဆောင်ရွက်မည်ဖြစ်ကြောင်း ကတိပြုပြီး သဘောတူရာ ရောက်ပါသည်။ သင့်တွင် ပို့စ်တင်ခွင့် သို့မဟုတ် လွှဲပြောင်းပေးပို့ခွင့် မရှိသော အကြောင်းအရာ သို့မဟုတ် ယင်းကဲ့သို့ ပို့စ်တင်ခြင်း သို့မဟုတ် လွှဲပြောင်းပေးပို့ခြင်းသည် လျှို့ဝှက်ထိန်းသိမ်းရန် တာဝန် နှင့်/သို့မဟုတ် ပြင်ပအဖွဲ့အစည်း၏ ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်များကို ချိုးဖောက်ခြင်းနှင့် ကန့်သတ်မထားသော အခြားအရာများအပါအဝင် တရားမဝင်သော လုပ်ဆောင်ချက်များကို ဖြစ်မြောက်စေသော၊ လိင်ပိုင်းဆိုင်ရာ အလွန်အကျူးဖော်ပြထားသော ပုံများကို ပြသထားသော၊ အကြမ်းဖက်မှုကို အားပေးသော၊ ခွဲခြားဆက်ဆံသော၊ တရားမဝင်သော သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ၊ ပိုင်ဆိုင်မှုတစ်ခုခုကိုဖြစ်စေ ထိခိုက် သို့မဟုတ် ဒဏ်ရာရရှိစေနိုင်သော သို့မဟုတ် ယင်းသို့ဖြစ်ပွားစေသော၊ သက်ဆိုင်ရာ ဥပဒေများအရ တရားမမှု သို့မဟုတ် ပြစ်မှုဆိုင်ရာ ပေးရန်တာဝန်တစ်ခုခုကို ဖြစ်ပေါ်စေသော အကြောင်းအရာတစ်ခုခုနှင့် ကန့်သတ်မထားသော အခြားအရာများ အပါအဝင် မရိုးဖြောင့်သော၊ အသရေပျက်စေသော၊ မှားယွင်းသော၊ အန္တရာယ်ရှိသော၊ ညစ်ညမ်းသော၊ စိတ်အနှောင့်အယှက်ပေးသော၊ နိုင်ထက်စီးနင်းပြုသော၊ ထိပါးစော်ကားသော၊ မကောင်းသတင်းဖြစ်စေသော၊ အမုန်းပွားသော၊ လှုံ့ဆော်ပေးသော၊ ခြိမ်းခြောက်သော၊ ဘာသာရေးကို မထီမဲ့မြင်ပြုသော၊ ညစ်ညမ်းပုံများပါဝင်သော၊ ကိုယ်ရေးအချက်အလက် လုံခြုံရေးကို ထိပါးနှောင့်ယှက်သော သို့မဟုတ်ပါက သင်၏ဝန်ဆောင်မှုများ အသုံးပြုမှုနှင့် စပ်လျဉ်း၍ တစ်နည်းနည်းဖြင့် ကန့်ကွက်နိုင်သော အကြောင်းအရာများကို လွှဲပြောင်းပေးပို့ရန် သို့မဟုတ် အခြားတစ်နည်းအားဖြင့် ယင်းကဲ့သို့လုပ်ဆောင်ချက်တစ်ခုခုတွင် ပါဝင်ရန်အတွက် ဝန်ဆောင်မှုများကို အသုံးမပြုရကြောင်းကို သင်က ဤတွင် အသိအမှတ်ပြု၍ သဘောတူပါသည်။
သင်သည် ဤနေရာတွင် အောက်ပါတို့ကို သဘောတူ၍ ကတိပြုပါသည်-
(1) ဝန်ဆောင်မှုများ၏ အပိုင်းတစ်ခုခုမှ မူပိုင်ခွင့်၊ ကုန်အမှတ်တံဆိပ် သို့မဟုတ် အခြားပိုင်ဆိုင်မှုဆိုင်ရာ ကြေညာချက်များကို သင့်ကိုယ်စား သို့မဟုတ်အခြားသူများ၏ ကိုယ်စား မဖယ်ရှားရန်။
(2) ဝန်ဆောင်မှုတစ်ခုလုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ မူပွားခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် မွမ်းမံခြင်း မပြုလုပ်ရန် သို့မဟုတ် ဝန်ဆောင်မှုများ သို့မဟုတ် ၎င်းတို့၏အစိတ်အပိုင်းတစ်ခုခုကို အခြားအစီအစဉ်များတွင် ပေါင်းစည်းခြင်း သို့မဟုတ် ၎င်းတို့တွင် ထည့်သွင်းခြင်းကို ခွင့်မပြုရန်၊
(3) ဝန်ဆောင်မှုများ၏ သွင်ပြင်လက္ခဏာတစ်ခုခု သို့မဟုတ် ၎င်းတို့၏ဆက်စပ် စနစ်များ သို့မဟုတ် ကွန်ရက်များကို ခွင့်ပြုချက် မရဘဲ ဝင်ရောက်သုံးစွဲမှုမပြုရန် သို့မဟုတ် ဝင်ရောက် သုံးစွဲခွင့်ရအောင် မကြိုးပမ်းရန် သို့မဟုတ် ထိခိုက်အောင် မလုပ်ရန် သို့မဟုတ် ထိခိုက်အောင် မကြိုးပမ်းရန်၊
(4) ဖော်ပြပါလုပ်ရပ်များကို သက်ဆိုင်ရာ ဥပဒေများဖြင့် မတားမြစ်နိုင်သည့် အတိုင်းအတာအထိမှလွဲ၍ ဝန်ဆောင်မှုတစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ အခြေခံ၍ စက်ကနားလည်နိုင်သော ဘာသာစကားကို အဆင့်မြင့် ပရိုဂရမ်းမင်းဘာသာစကားတစ်ခုသို့ ပြောင်းခြင်း၊ ပေါင်းစည်းထားသော ကုဒ်ထဲမှ မူရင်းကုဒ်ကို ရယူခြင်း၊ ဝန်ဆောင်မှု၏ လုပ်ဆောင်ပုံများကို လေ့လာ၍ အလားတူဝန်ဆောင်မှုတစ်ခု ကူးချဖန်တီးခြင်း သို့မဟုတ် ကူးယူဆင့်ပွားသော လက်ရာများကို ဖန်တီးခြင်းများ မပြုလုပ်ရန် သို့မဟုတ် ယင်းကဲ့သို့လုပ်ရပ်မှန်သမျှကို ပြုလုပ်ရန်အတွက် မကြိုးပမ်းရန်၊
(5) ဝန်ဆောင်မှုများကို ဖြန့်ဝေခြင်း၊ လိုင်စင်ချပေးခြင်း၊ ငှားရမ်းခြင်း၊ ရောင်းချခြင်း၊ ပြန်လည်ရောင်းချခြင်း၊ လွှဲပြောင်းခြင်း၊ လူသိရှင်ကြား ပြသခြင်း၊ လူအများရှေ့တွင် လုပ်ဆောင်ခြင်း၊ လွှဲပြောင်းပေးပို့ခြင်း၊ တိုက်ရိုက်လွှင့်ခြင်း၊ ထုတ်လွှင့်ခြင်း သို့မဟုတ်ပါက အခြားတစ်နည်းဖြင့် အသုံးချအမြတ်ထုတ်ခြင်း မပြုလုပ်ရန်၊
(6) ကျွန်ုပ်တို့၏ စာဖြင့်ရေးသားထားသော ကြိုတင်သဘောတူညီချက် မရှိဘဲ (ကွန်ပျူတာက အလွယ်တကူ နားလည်နိုင်သော ညွှန်ကြားချက်ကုဒ်နှင့် ရင်းမြစ်ကုဒ် အပါအဝင်) ဝန်ဆောင်မှုတစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ လူပုဂ္ဂိုလ်တစ်ဦးဦးထံသို့ မည်သည့်ပုံစံနှင့်မျှ မပံ့ပိုးရန် သို့မဟုတ်ပါက တစ်နည်းနည်းဖြင့် ရနိုင်အောင် မပြုလုပ်ရန်၊
(7) လူပုဂ္ဂိုလ်တစ်ဦးဦးအဖြစ် အယောင်မဆောင်ရန် သို့မဟုတ် သင်၏အဖွဲ့ဝင်ကို လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုအဖြစ် မှားယွင်းမဖော်ပြရန် သို့မဟုတ်ပါက လွဲမှားကိုယ်စားမပြုရန်၊
(8) ဝန်ဆောင်မှုများ (သို့မဟုတ် ၎င်းတို့၏ မည်သည့်အစိတ်အပိုင်း(များ) မဆို) ကို ဥပဒေနှင့် မညီသော အပြုအမူတစ်ခုခုဖြင့်၊ ဥပဒေနှင့် မညီသော ရည်ရွယ်ချက်တစ်ခုခုအတွက် သို့မဟုတ် ဤသဘောတူညီချက်နှင့် မညီသော အပြုအမူတစ်ခုခုဖြင့် အသုံးမပြုရန် သို့မဟုတ် ဝန်ဆောင်မှုများ (သို့မဟုတ် ဝန်ဆောင်မှုများနှင့် ချိတ်ဆက်ထားသော ဝဘ်ဆိုက်များ) သို့မဟုတ် လည်ပတ်လုပ်ဆောင်သည့်စနစ်များထဲသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်သုံးစွဲခွင့် ရယူခြင်း သို့မဟုတ် ၎င်းတို့ထဲသို့ ဗိုင်းရပ်စ်များ သို့မဟုတ် အန္တရာယ်ရှိသော ဒေတာများအပါအဝင် အန္တရာယ်ရှိသော ကုဒ်ကို ထည့်သွင်းခြင်းနှင့် ကန့်သတ်မထားသောအရာများ အပါအဝင် လိမ်လည်လှည့်ဖြားစွာ သို့မဟုတ် အန္တရာယ်ရှိစွာ မလုပ်ဆောင်ရန်၊
(9) ဝန်ဆောင်မှုများကို သင်၏ ဝင်ရောက် သုံးစွဲမှု နှင့်/သို့မဟုတ် အသုံးပြုမှုနှင့် ပတ်သက်၍ ကျွန်ုပ်တို့၏ သို့မဟုတ် ပြင်ပအဖွဲ့အစည်းတစ်ခုခု၏ ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်များကို ချိုးဖောက်ခြင်းမပြုရန်၊
(10) အလိုအလျောက် လုပ်ဆောင်သော နည်းလမ်းများကို အသုံးပြု၍ သုံးစွဲသူများ၏ အချက်အလက်များကို စုစည်းရယူခြင်း သို့မဟုတ်ပါက အခြားနည်းဖြင့် ဝန်ဆောင်မှုများ သို့မဟုတ် ကျွန်ုပ်တို့၏ စနစ်များကို ဝင်ရောက် သုံးစွဲခြင်း မပြုရန် သို့မဟုတ် ဝန်ဆောင်မှုများ လုပ်ဆောင်နေသော ဆာဗာများသို့ သို့မဟုတ် ၎င်းတို့မှ ပေးပို့မှုမှန်သမျှကို ဝှက်စာဖော်ရန်အတွက် မကြိုးပမ်းရန်၊
(11) ဝန်ဆောင်မှုများရှိ အချက်အလက်များကို ထုတ်နုတ်ရယူရန် သို့မဟုတ်ပါက အခြားတစ်နည်းနည်းဖြင့် ဝန်ဆောင်မှုများမှ ပရိုဖိုင်းများနှင့် အခြားဒေတာများကို ကူးယူရန်အတွက် ဆော့ဖ်ဝဲ၊ စက်များ၊ ပရိုဂရမ်မင်း ဘာသာစကားများ၊ စက်ရုပ်များ သို့မဟုတ် အခြား နည်းလမ်းများ သို့မဟုတ် လုပ်ဆောင်ချက်များ (ဝက်ဘ်ကို ဝင်ရောက်ကြည့်ရှုသော ပရိုဂရမ်များ၊ ဘရောက်ဇာပလပ်အင်များနှင့် ကွန်ပျူတာ လုပ်ဆောင်နိုင်စွမ်းရည်ကို မြှင့်တင်ပေးသော ဖြည့်စွက် ပရိုဂရမ်များ သို့မဟုတ် အခြား နည်းပညာ သို့မဟုတ် ကိုယ်တိုင်လုပ်ဆောင်သော အလုပ်အပါအဝင်) ကို ဖန်တီးခြင်း၊ ပံ့ပိုးခြင်း သို့မဟုတ် အသုံးပြုခြင်း မပြုရန်၊
(12) ကျွန်ုပ်တို့၏ စာဖြင့်ရေးသားထားသော ကြိုတင် သဘောတူညီချက် မရှိဘဲ ဝန်ဆောင်မှုများကို စီးပွားရေးအရ အသုံးချအမြတ်မထုတ်ရန်၊
(13) လက်နက်များ၊ မူးယစ်ဆေးများ၊ တရားမဝင်ပစ္စည်းများ၊ ခိုးကူးဆော့ဖ်ဝဲ သို့မဟုတ် အခြားတားမြစ်ထားသော ပစ္စည်းများကို ရောင်းချခြင်းကဲ့သို့ တရားမဝင် စီးပွားရေးလုပ်ငန်းတစ်ခုခုတွင် ပါဝင်ရန်အတွက် ဝန်ဆောင်မှုများကို အသုံးမပြုရန်၊
(14) မည်သည့်နည်းလမ်းဖြင့်မဆို အခြားသူများ လောင်းကစားလုပ်ခြင်းကို အားပေးအားမြှောက် မပြုရန် သို့မဟုတ် လောင်းကစား အချက်အလက်များ ပံ့ပိုးမပေးရန်၊
(15) ဝင်ရောက်မှု အချက်အလက်များကို တောင်းခံခြင်း သို့မဟုတ် တစ်စုံတစ်ဦး ပိုင်ဆိုင်သော အကောင့်တစ်ခုကို ဝင်ရောက် သုံးစွဲခြင်း မပြုရန်၊
(16) ငွေကြေးခဝါချခြင်း၊ တရားမဝင် ငွေကြေးထုတ်ယူမှုများ သို့မဟုတ် ပိရမစ်ပုံစံ ရောင်းချမှုအစီအစဉ်များတွင် ပါဝင်ခြင်း မပြုရန်၊
(17) ဤသဘောတူညီချက် (ယင်းတွင် ပါဝင်သော မည်သည့် အစိတ်အပိုင်း(များ) မဆို) ကို ဖောက်ဖျက်ရန် ကြိုးစားခြင်း၊ ဆောင်ရွက်ပေးခြင်း သို့မဟုတ် အားပေးခြင်း မပြုရန်နှင့်
(18) ဝန်ဆောင်မှုများ၊ ကျွန်ုပ်တို့၏ စနစ်များ သို့မဟုတ် လုံခြုံရေးကို ထိခိုက်စေသော၊ မလုပ်ဆောင်စေနိုင်သော၊ ဝန်ပိစေသော၊ နှောင့်ယှက်သော သို့မဟုတ် အားနည်းစေသော အပြုအမူတစ်ခုခုဖြင့် ဝန်ဆောင်မှုများကို အသုံးမပြုရန် သို့မဟုတ် အခြားသုံးစွဲသူများ သို့မဟုတ် အခြားအဖွဲ့အစည်း၏ ကွန်ပျူတာစနစ်များကို ကြားဖြတ်နှောင့်ယှက်ခြင်း မပြုရန် သို့မဟုတ် ဝန်ဆောင်မှုများ သို့မဟုတ် (အောက်တွင် သတ်မှတ်ဖော်ပြထားသော) Huawei အကြောင်းအရာများ သို့မဟုတ် ဒေတာများကို ဝင်ရောက်ခိုးယူခြင်း သို့မဟုတ် ခွင့်ပြုချက် မရဘဲ ဝင်ရောက် သုံးစွဲခွင့် ရယူခြင်း မပြုရန်။
7. Huawei အကြောင်းအရာများကို အသုံးပြုခြင်း
Huawei နှင့်/သို့မဟုတ် ၎င်း၏ လိုင်စင်ချပေးသူများသည် အချက်အလက်များ (စာ၊ ပုံ၊ ဗီဒီယိုနှင့် အသံတို့ ကန့်သတ်ချက်မရှိအပါအဝင် မည်သည့်ပုံစံမဆိုဖြစ်စေ)၊ ပုံများ၊ အိုင်ကွန်များ၊ အက်ပ်များ၊ ဒီဇိုင်းများ၊ ဆော့ဖ်ဝဲ၊ ပရိုဂရမ်းမင်း ဘာသာစကားများ၊ ပရိုဂရမ်များ၊ မူပိုင်ခွင့်များ၊ ကုန်အမှတ်တံဆိပ်များ၊ ကုန်အမှတ်တံဆိပ်အမည်များ၊ အမှတ်တံဆိပ်များနှင့် ဝန်ဆောင်မှုများမှတစ်ဆင့် သို့မဟုတ် ဝန်ဆောင်မှုများတွင် ရရှိနိုင်သည့် အခြားအကြောင်းအရာများနှင့် ဝန်ဆောင်မှုများ၏ ပုံစံသွင်ပြင်တို့အပါအဝင် ၎င်းတို့ (စုပေါင်း၍ "Huawei အကြောင်းအရာများ") အတွက်နှင့် ၎င်းတို့နှင့်ပတ်သက်သော အခွင့်အရေး၊ ပိုင်ဆိုင်မှုနှင့် အကျိုးအမြတ် အားလုံးကို ထိန်းသိမ်းထားပါသည်။ သဘောတူညီချက်တွင် အခြားတစ်နည်းအားဖြင့် သတ်မှတ်ထားခြင်းမရှိပါက ဝန်ဆောင်မှု တစ်ခုခုကို ဝင်ရောက် သုံးစွဲခွင့် နှင့်/သို့မဟုတ် အသုံးပြုခွင့် ပေးခြင်းသည် ဝန်ဆောင်မှုများရှိ သို့မဟုတ် ၎င်းတို့၏အကြောင်းအရာများရှိ သို့မဟုတ် ဝန်ဆောင်မှုများအတွက် သို့မဟုတ် ၎င်းတို့၏ အကြောင်းအရာများအတွက် ပိုင်ဆိုင်မှု သို့မဟုတ် အခြားအခွင့်အရေးများကို သင် သို့မဟုတ် အခြားပုဂ္ဂိုလ်တစ်ဦးဦးထံ လွှဲပြောင်းပေးခြင်း မဟုတ်ပါ။
သင်သည် Huawei အကြောင်းအရာများကို ပြောင်းလဲခြင်း၊ ကူးယူခြင်း၊ ထုတ်နုတ်ရယူခြင်း၊ ပြုပြင်မွမ်းမံခြင်း သို့မဟုတ် ဖြည့်စွက်ခြင်း သို့မဟုတ် ၎င်းကို ရောင်းချခြင်း၊ ကူးယူခြင်း၊ ဖြန့်ချိခြင်း သို့မဟုတ် လိုင်စင်ထုတ်ပေးခြင်း သို့မဟုတ် Huawei အကြောင်းအရာများကို တစ်နည်းနည်းဖြင့် အလွဲသုံးစားပြုလုပ်ခြင်းတို့ ပြုလုပ်၍မရနိုင်ပါ။ သင်သည် Huawei အကြောင်းအရာများကို ပြန်လည်ထုတ်ဝေခြင်း၊ ကောက်နုတ်ခြင်း၊ မူပွားခြင်း၊ ဖြန့်ဖြူးခြင်း သို့မဟုတ် တစ်နည်းအားဖြင့် အသုံးပြုခြင်းတို့ကို ပြုလုပ်လိုလျှင် သဘောတူညီချက်တွင် တစ်နည်းအားဖြင့် အတိအလင်း မဖော်ပြထားပါက သင်သည် ကျွန်ုပ်တို့ကို ကြိုတင်ဆက်သွယ်၍ ကျွန်ုပ်တို့၏ စာဖြင့်ရေးသားထားသော ကြိုတင် သဘောတူညီချက်ကို ရယူရမည်။ ယင်းသည် မဖြစ်မနေလိုက်နာရမည့် သက်ဆိုင်ရာ ဥပဒေများအရ သင့်တွင် ရှိနေနိုင်သည့် အခွင့်အရေးမှန်သမျှကို ထိခိုက်ခြင်း မရှိပါ။
ဝန်ဆောင်မှုများ သို့မဟုတ် ၎င်း၏ အစိတ်အပိုင်းတစ်ခုခုက မူပိုင်ခွင့်၊ ကုန်အမှတ်တံဆိပ်၊ တီထွင်မှု မူပိုင်ခွင့်၊ လုပ်ငန်း လျှို့ဝှက်ချက် သို့မဟုတ် အခြားဉာဏပစ္စည်း မူပိုင်ခွင့်ကို ချိုးဖောက်သည်ဟု သင်ယုံကြည်ပါက သို့မဟုတ် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ သင့်တွင် အခြား စိုးရိမ်ပူပန်စရာ အကြောင်းကိစ္စများရှိပါက ဤသဘောတူညီချက်တွင် ဖော်ပြထားသည့် ဆက်သွယ်ရန် အချက်အလက်ကို အသုံးပြု၍ ကျွန်ုပ်တို့ကို အကြောင်းကြားပါ။
8. သင်၏ အကြောင်းအရာများ
ဝန်ဆောင်မှုများမှတစ်ဆင့်ဖြစ်စေ၊ ဝန်ဆောင်မှုများသို့ဖြစ်စေ သင် အပ်လုဒ်လုပ်ထားသော၊ ထုတ်ဝေထားသော သို့မဟုတ်ပါက တစ်နည်းနည်းဖြင့် ထုတ်လွှင့်ပေးပို့ထားသော စာသား၊ စာရွက်စာတမ်းများ၊ ရုပ်ပုံများ၊ ဓာတ်ပုံများ သို့မဟုတ် အခြားအချက်အလက်များ (စုပေါင်း၍ "သင်၏ အကြောင်းအရာများ" ဟု ရည်ညွှန်းထားပါသည်) ကဲ့သို့ သင်၏အကြောင်းအရာများကို သင်ကသာ ဆက်လက်ပိုင်ဆိုင်ပါမည်။ သင်၏အကြောင်းအရာများအတွက် သင့်တွင် အပြည့်အဝ တာဝန်ရှိပါသည်။
9. ဝန်ဆောင်မှုများကို စောင့်ကြည့်စစ်ဆေးခြင်း
သဘောတူညီချက်ကို သင် လိုက်နာကြောင်း သေချာစေရန်နှင့် သက်ဆိုင်ရာ ဥပဒေများ သို့မဟုတ် တရားရုံး၊ နှစ်ဦးနှစ်ဖက် ပြေလည်ရေး သဘောတူညီချက်၊ စီမံအုပ်ချုပ်ရေး အေဂျင်စီ သို့မဟုတ် အခြားအစိုးရအဖွဲ့အစည်းတစ်ခု၏ အမိန့် သို့မဟုတ် ပြဌာန်းချက်များကို လိုက်နာရန် (လိမ်လည်မှု ဟန့်တားခြင်း၊ အန္တရာယ် အကဲဖြတ်မှု၊ စုံစမ်းစစ်ဆေးမှုနှင့် သုံးစွဲသူ ပံ့ပိုးမှုဆိုင်ရာ ရည်ရွယ်ချက်များ ကန့်သတ်ချက်မရှိ အပါအဝင်) ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးပြီး ပိုမိုကောင်းမွန်အောင်ပြုလုပ်ရန် ရည်ရွယ်ချက်အတွက် ကျွန်ုပ်တို့တွင် သက်ဆိုင်ရာ ဥပဒေများနှင့် စည်းမျဉ်းများနှင့်အညီ လိုအပ်သော ဆောင်ရွက်ချက်များကို လုပ်ဆောင်ပိုင်ခွင့်ရှိကြောင်း သင် သဘောပေါက် နားလည်ရပါမည်။
10. ကိုယ်ပိုင် အချက်အလက်နှင့် ဒေတာ စုဆောင်းမှု
သင့်အား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများကို ပံ့ပိုးပေးရန်နှင့် သင်၏ ငွေလွှဲပြောင်းမှုများ လုံခြုံမှုရှိကြောင်း သေချာစေရန် Huawei သည် ဝန်ဆောင်မှုများအကြောင်း ကိုယ်ရေးအချက်အလက် လုံခြုံရေး အသိပေးချက်နှင့် ကြေညာချက်တို့နှင့်အညီ သင်၏ ကိုယ်ရေး အချက်အလက်များကို စုစည်းရယူ၍ စီမံဆောင်ရွက်ပါမည်။
11. ရှင်းလင်းချက်
ဝန်ဆောင်မှုများကို သင် တစ်ဦးတည်းသာ အသုံးပြုရမည်ဖြစ်ပြီး အခြား မည်သည့် ပြင်ပ အဖွဲ့အစည်းကမျှ အသုံးမပြုရပါ။ ဝန်ဆောင်မှုများကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုမှုကြောင့် ဖြစ်ပွားသည့် ဆုံးရှုံးမှုမှန်သမျှအတွက် Huawei နှင့် ၎င်း၏ အဖွဲ့ဝင်များ၊ အရာရှိများ၊ ဒါရိုက်တာများ၊ ဝန်ထမ်းများ၊ ကန်ထရိုက်တာများ၊ ကိုယ်စားလှယ်များ၊ ပြင်ပ အဖွဲ့အစည်း ငွေပေးချေ ဝန်ဆောင်မှု ပံ့ပိုးရေး ကုမ္ပဏီများ၊ မိတ်ဖက်များ၊ လိုင်စင်ရရှိထားသူများနှင့် ဖြန့်ချိသူများ (စုစည်း၍ "Huawei အဖွဲ့များ") တွင် တာဝန်မရှိကြောင်း သင်က သဘောတူပါသည်။
ကျွန်ုပ်တို့၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်နေသော အကြောင်းရင်းများကြောင့် ဝန်ဆောင်မှုများကို သင်၏ သုံးစွဲနိုင်မှုသည် မသိနိုင်သော ကာလတစ်ခုအထိ နှောင့်ယှက်ခံရခြင်း၊ နှောင့်နှေးခြင်း သို့မဟုတ် ပြတ်တောက်သွားခြင်း ရှိနိုင်ပါသည်။ ထိုသို့သော နှောင့်ယှက်မှုများ၊ နှောင့်နှေးမှုများ၊ ပြတ်တောက်မှုများ သို့မဟုတ် အလားတူ ချွတ်ယွင်းမှုများနှင့် ဆက်စပ်သော သို့မဟုတ် ယင်းကြောင့် ဖြစ်ပွားသော အရာမှန်သမျှအတွက် မည်သည့် နစ်နာကြေး တောင်းဆိုချက်ကိုမျှ Huawei အဖွဲ့များက တာဝန်ယူမည် မဟုတ်ကြောင်း သင်က သဘောတူပါသည်။
သက်ဆိုင်ရာ ဥပဒေများက ခွင့်ပြုထားသည့် အမြင့်ဆုံးအတိုင်းအတာအထိ အောက်ပါ အကြောင်းရင်းတစ်ရပ်ရပ်ကြောင့် ဝန်ဆောင်မှုများကို ဝင်ရောက် သုံးစွဲ၍ မရခြင်း သို့မဟုတ် အသုံးမပြုနိုင်ခြင်းကြောင့် ဖြစ်ပေါ်သော ထိခိုက်မှုမှန်သမျှအတွက် သင့်ကို ဖြစ်စေ၊ အခြား မည်သူတစ်ဦးတစ်ယောက်ကိုဖြစ်စေ Huawei အဖွဲ့များက တာဝန်ယူမည် မဟုတ်ပါ-
(1) စနစ်များ၊ ဆော့ဖ်ဝဲ သို့မဟုတ် ဟာ့ဒ်ဝဲပိုင်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းမှု လုပ်ဆောင်ရန် သို့မဟုတ် အပ်ဒိတ်များ ပြုလုပ်နိုင်ရန် Huawei က ဝန်ဆောင်မှုများကို ယာယီဆိုင်းငံ့ခြင်း သို့မဟုတ် ရပ်စဲခြင်း၊
(2) Huawei မှတစ်ပါး အခြားသူ ပိုင်ဆိုင်သည့် သို့မဟုတ် ထိန်းချုပ်သည့် စနစ် သို့မဟုတ် ဆက်သွယ်ရေး ကွန်ရက် နှောင့်နှေးခြင်း သို့မဟုတ် ချွတ်ယွင်းခြင်း၊
(3) Huawei နှင့် ၎င်း၏ ပြင်ပ အဖွဲ့အစည်း ငွေပေးချေ ဝန်ဆောင်မှု ပံ့ပိုးရေး ကုမ္ပဏီများအကြား စာချုပ် သို့မဟုတ် အခြား သဘောတူညီချက်များကို ဆိုင်းငံ့ခြင်း၊ ပယ်ဖျက်ခြင်း သို့မဟုတ် ရပ်စဲခြင်း၊
(4) ဟက်ကာ တိုက်ခိုက်မှုများ သို့မဟုတ် အလားတူ လုံခြုံရေး ကျိုးပေါက်မှုများကြောင့် ဖြစ်ပွားသည့် ချို့ယွင်းချက်များ သို့မဟုတ် အနှောင့်အယှက်ဖြစ်မှုများ သို့မဟုတ်
(5) Huawei ၏ ကျိုးကြောင်းသင့်လျော်စွာ ထိန်းချုပ်နိုင်နိုင်စွမ်းကို ကျော်လွန်နေသော အခြား မည်သည့်အကြောင်းရင်းမဆို။
မည်သည်ကိုမျှ ကိုယ်စားပြုခြင်း သို့မဟုတ် ထောက်ခံချက်ပေးခြင်းမရှိဘဲ ဝန်ဆောင်မှုများကို "ရှိရင်းစွဲအတိုင်း" နှင့် "ရရှိနိုင်သည့်အတိုင်း" ပံ့ပိုးပေးထားပါသည်။ သက်ဆိုင်ရာဥပဒေများက ခွင့်ပြုထားသည့် အမြင့်ဆုံးအတိုင်းအတာအထိ Huawei အဖွဲ့များသည် အောက်ပါတို့အတွက် အာမခံများ၊ အတိအလင်းဖော်ပြထားသည့် သို့မဟုတ် သွယ်ဝိုက်ညွှန်းဆိုထားသည့် အခြေအနေများ သို့မဟုတ် အခြားစည်းမျဉ်းအားလုံးနှင့် မသက်ဆိုင်ကြောင်း ငြင်းဆိုပြီး မည်သည့်အာမခံမှု၊ တာဝန်ယူမှု၊ ကိုယ်စားပြုမှု သို့မဟုတ် အာမခံပေးမှုကိုမျှပြုလုပ်မည် မဟုတ်ပါ- (a) ဝန်ဆောင်မှုများတွင် သို့မဟုတ် ဝန်ဆောင်မှုများမှတစ်ဆင့် ရနိုင်သော အကြောင်းအရာမှန်သမျှ၏ ပြည့်စုံမှု သို့မဟုတ် တိကျမှန်ကန်မှု၊ ယုံကြည်စိတ်ချရမှု သို့မဟုတ် အချိန်မီမှုတို့နှင့် စပ်လျဉ်း၍၊ (b) ဝန်ဆောင်မှုများ သို့မဟုတ် ၎င်းတို့ကို လက်ခံဆောင်ရွက်ပေးနေသော ဆာဗာ(များ)သည် အပြစ်အနာအဆာများ၊ ချို့ယွင်းချက်များ၊ ဗိုင်းရပ်စ်များ၊ ချွတ်ယွင်းချက်များ သို့မဟုတ် အခြားအန္တရာယ်ရှိသော အချက်များ ကင်းစင်ကြောင်း၊ (c) ဝန်ဆောင်မှုများ၏ လုပ်ဆောင်ချက် သို့မဟုတ် လုပ်ဆောင်နိုင်စွမ်းတွင် အပြစ်အနာအဆာ တစ်ခုခုရှိပါက ပြင်ဆင်ပေးမည်ဖြစ်ကြောင်း၊ (d) ဝန်ဆောင်မှုများ၏ လုပ်ဆောင်ချက် တစ်ခုခု၊ သင်က ဝန်ဆောင်မှုများကို အသုံးပြုလိုက်သည့် သို့မဟုတ် ဝင်ရောက် သုံးစွဲလိုက်သည့် ရလဒ်အနေဖြင့် ရရှိလာသော အချက်အလက်မှန်သမျှ၏ ယုံကြည်စိတ်ချရမှု၊ အရည်အသွေး သို့မဟုတ် တိကျမှန်ကန်မှုတို့နှင့် စပ်လျဉ်း၍၊ (e) ဝန်ဆောင်မှုများ၏ လုံခြုံရေး သို့မဟုတ် ချို့ယွင်းချက်ကင်းစင်မှုနှင့် စပ်လျဉ်း၍၊ (f) ဝန်ဆောင်မှုများ၏ ယုံကြည်စိတ်ချရမှု၊ အရည်အသွေး၊ တိကျမှန်ကန်မှု၊ ရရှိနိုင်မှု သို့မဟုတ် သင့်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မှု၊ အချက်အလက်အချို့ ပံ့ပိုးပေးနိုင်မှု သို့မဟုတ် အချို့သော ရလဒ် သို့မဟုတ် အကျိုးဆက် ရရှိနိုင်မှုနှင့် စပ်လျဉ်း၍။ ဝန်ဆောင်မှုများ သို့မဟုတ် သင် (သို့မဟုတ် အခြားပုဂ္ဂိုလ်တစ်ဦးဦး) က ဝန်ဆောင်မှုများကို ဝင်ရောက် သုံးစွဲမှု နှင့်/သို့မဟုတ် အသုံးပြုမှုမှတစ်ဆင့် ရရှိလာသော အခြားအချက်အလက် အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ယုံကြည်အားထားခြင်း၊ အသုံးပြုခြင်း သို့မဟုတ် အဓိပ္ပါယ်ကောက်ယူခြင်းကြောင့် ဖြစ်ပွားသော ဆုံးရှုံးနစ်နာမှု သို့မဟုတ် ထိခိုက်ပျက်စီးမှုမှန်သမျှအတွက် Huawei အဖွဲ့များတွင် တာဝန်မရှိပါ။
အချို့သော နိုင်ငံများ၏ ဥပဒေများသည် အချို့သော အာမခံပေးမှုများ၊ အာမခံများ သို့မဟုတ် ပေးရန်တာဝန်များကို စာချုပ်ထဲတွင် ချန်လှပ်ထားခြင်း သို့မဟုတ် ကန့်သတ်ခြင်းကို ခွင့်မပြုပါ။ ယင်းဥပဒေများက သင့်အပေါ် သက်ရောက်ပါက အထက်ပါ ခြွင်းချန်မှု သို့မဟုတ် ကန့်သတ်မှု အချို့ သို့မဟုတ် အားလုံးသည် သင့်အပေါ် သက်ရောက်နိုင်မည် မဟုတ်ပါ။ ဤသဘောတူညီချက်ရှိ မည်သည့်အရာကမျှ သင့်အနေနှင့် သုံးစွဲသူတစ်ဦးအဖြစ် တရားဝင် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအပြင် သင့်အနေနှင့် စာချုပ်ဖြင့် ပြောင်းလဲရန် သဘောတူညီခြင်း သို့မဟုတ် စွန့်လွှတ်ခြင်း မလုပ်နိုင်သည့် အခွင့်အရေးများအပေါ် အကျိုးသက်ရောက်မည် မဟုတ်ပါ။
12. ပေးရန်တာဝန် ကန့်သတ်ခြင်း
သင်၏ တရားစီရင်ပိုင်ခွင့်နယ်မြေရှိ သက်ဆိုင်ရာဥပဒေများက ခွင့်ပြုထားသည့် အမြင့်ဆုံးအတိုင်းအတာအထိ ဝန်ဆောင်မှုများကို ဝင်ရောက် သုံးစွဲမှုနှင့် အသုံးပြုမှုကြောင့် ဖြစ်လာမည့် အန္တရာယ်ကို သင်တစ်ဦးတည်းကသာ တာဝန်ယူရမည်ဖြစ်ပြီး Huawei အဖွဲ့များသည် အောက်ပါအကြောင်းရင်း တစ်ခုခုအတွက် စာချုပ်၊ တရားမ နစ်နာမှု (ပေါ့ဆမှု အပါအဝင်) တွင်ဖြစ်စေ၊ အခြားအယူအဆအရဖြစ်စေ သင် သို့မဟုတ် အခြားသူတစ်ဦးဦးကြောင့်ဖြစ်ပွားသော ပေးရန်တာဝန်၊ ဆုံးရှုံးမှု သို့မဟုတ် ထိခိုက်ပျက်စီးမှု အားလုံးကို အတိအလင်း ချန်လှပ်ထားပါသည်-
(a) အကျိုးအမြတ် ဆုံးရှုံးမှု၊ ဝင်ငွေဆုံးရှုံးမှု၊ လုပ်ငန်းဝင်ငွေ ဆုံးရှုံးမှု၊ ဒေတာ ဆုံးရှုံးမှု သို့မဟုတ် ဂုဏ်သတင်း ဆုံးရှုံးမှု၊
(b) ထူးခြားသော၊ သွယ်ဝိုက်သော သို့မဟုတ် အကျိုးဆက်ဖြစ်သော ဆုံးရှုံးမှု သို့မဟုတ် ထိခိုက်ပျက်စီးမှု။
ဖြစ်ပေါ်လာသော ဆုံးရှုံးမှုတစ်ခုခု၏ ဖြစ်လာနိုင်မှုကို Huawei အား အသိပေးထားသည်ဖြစ်စေ၊ မပေးထားသည်ဖြစ်စေ သို့မဟုတ် ၎င်းက သတိမူမိသည်ဖြစ်စေ၊ မမူမိသည်ဖြစ်စေ ဤသဘောတူညီချက်ရှိ ကန့်သတ်ချက်များနှင့် ခြွင်းချန်မှုများက သက်ရောက်မှုရှိပါမည်။
သင်သည် ဝန်ဆောင်မှုများ၏ လက္ခဏာရပ်တစ်ခုခုကို မည်သည့်အချိန်တွင်မဆို စိတ်တိုင်းမကျပါက သင်၏ တစ်ခုတည်းသော သီးသန့် ကုစားဖြေရှင်းရန်နည်းလမ်းမှာ ဝန်ဆောင်မှုများကို ဝင်ရောက် သုံးစွဲခြင်းနှင့် အသုံးပြုခြင်းအား ရပ်တန့်လိုက်ရန်ပင် ဖြစ်ပါသည်။ ယခင်ဖော်ပြခဲ့ပြီးသော ကန့်သတ်ချက်များကို ထိခိုက်မှုမရှိစေဘဲ သင်၏ တရားစီရင်ပိုင်ခွင့်နယ်မြေအတွင်းရှိ သက်ဆိုင်ရာ ဥပဒေများက ခွင့်ပြုထားသော အမြင့်ဆုံးအတိုင်းအတာအထိ စာချုပ်၊ တရားမ နစ်နာမှု (ပေါ့ဆမှု အပါအဝင်) တွင်ဖြစ်စေ၊ အခြားအယူအဆတစ်ခုခုအရဖြစ်စေ မည်သည့်ဖြစ်စဉ်မျိုးတွင်မဆို နစ်နာကြေးတောင်းဆိုမှုများ၊ တရားစွဲဆိုခြင်းများ၊ ပေးရန်တာဝန်များ၊ တာဝန်ဝတ္တရားများ၊ ထိခိုက်ပျက်စီးမှုများ၊ ဆုံးရှုံးမှုများနှင့် ကုန်ကျစရိတ်များအတွက် သင် သို့မဟုတ် အခြားပုဂ္ဂိုလ်တစ်ဦးဦးအပေါ် Huawei အဖွဲ့များသည် စုစုပေါင်း စုပေါင်းပေးလျော်ရန်တာဝန်အနေဖြင့် €50.00 ထက် ကျော်လွန်ပြီး ပေးလျော်မည် မဟုတ်ပါ။
အချို့သော နိုင်ငံများ၏ ဥပဒေများသည် အချို့သော အာမခံပေးမှုများ၊ အာမခံများ သို့မဟုတ် ပေးရန်တာဝန်များကို စာချုပ်ထဲတွင် ချန်လှပ်ထားခြင်း သို့မဟုတ် ကန့်သတ်ခြင်းကို ခွင့်မပြုပါ။ ယင်းဥပဒေများသည် သင့်အပေါ် သက်ရောက်ပါက အထက်ပါ ခြွင်းချန်မှုများ သို့မဟုတ် ကန့်သတ်မှုများသည် သင့်အပေါ် သက်ရောက်မှုမရှိနိုင်သည့်အပြင် သင့်တွင် ထပ်ဆောင်းအခွင့်အရေးများလည်း ရှိနိုင်ပါသည်။ ဤသဘောတူညီချက်ရှိ မည်သည့်အရာကမျှ သင့်အနေနှင့် သုံးစွဲသူတစ်ဦးအဖြစ် တရားဝင် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအပြင် သင့်အနေနှင့် စာချုပ်ဖြင့် ပြောင်းလဲရန် သဘောတူညီခြင်း သို့မဟုတ် စွန့်လွှတ်ခြင်း မလုပ်နိုင်သည့် အခွင့်အရေးများအပေါ် အကျိုးသက်ရောက်မည် မဟုတ်ပါ။
13. သင်က ရပ်စဲလိုက်ခြင်း
ဝန်ဆောင်မှုများ အသုံးပြုခြင်းကို ရပ်ဆိုင်းလိုက်ခြင်းဖြင့် ဤသဘောတူညီချက်ကို သင် ရပ်စဲနိုင်ပါသည်။
14. Huawei က ရပ်စဲလိုက်ခြင်းနှင့် ဆိုင်းငံ့ထားခြင်း
သက်ဆိုင်ရာ ဥပဒေများအရ ကျွန်ုပ်တို့က ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သို့မဟုတ် ပြင်ပအဖွဲ့အစည်းတစ်ခုခုအတွက် တာဝန်ယူခြင်းမရှိဘဲ ဝန်ဆောင်မှုများ၏ တစ်စိတ်တစ်ပိုင်း သို့မဟုတ် အားလုံးကို သင်၏ ဝင်ရောက် သုံးစွဲခွင့်အား ယာယီဖြစ်စေ၊ အပြီးတိုင်ဖြစ်စေ အချိန်မရွေး ဆိုင်းငံ့ခြင်း၊ ပယ်ဖျက်ခြင်း၊ ကန့်သတ်ချက်များ ထားရှိခြင်း သို့မဟုတ် ကန့်သတ်ခြင်းတို့ ပြုလုပ်နိုင်သည်။ ယင်းသို့ မလုပ်ဆောင်မီ ကျွန်ုပ်တို့သည် သင့်ကို အသိပေးရန် ကြိုးစား ဆောင်ရွက်ပါမည်။ သို့သော် အောက်ပါအခြေအနေများတွင် ကျွန်ုပ်တို့သည် သင့်ထံ ကြိုတင် အသိပေးချက် ပေးပို့နိုင်မည်မဟုတ်ဘဲ ဝန်ဆောင်မှုများ၏ တစ်စိတ်တစ်ပိုင်း သို့မဟုတ် တစ်ခုလုံးသို့ သင်၏ဝင်ရောက် သုံးစွဲခွင့်ကို အပြီးတိုင်ဖြစ်စေ၊ ယာယီဖြစ်စေ ကန့်သတ်ချက်များ ချက်ချင်း ထားရှိခြင်း၊ ပယ်ဖျက်ခြင်း၊ ဆိုင်းငံ့ခြင်း သို့မဟုတ် ကန့်သတ်ခြင်းတို့ လုပ်ဆောင်နိုင်ပါသည်-
(1) ပေါင်းစည်းဖော်ပြထားသော သဘောတူညီချက်များ၊ မူဝါဒများ သို့မဟုတ် လမ်းညွှန်ချက်များ အပါအဝင် သဘောတူညီချက်ကို သင် ချိုးဖောက်ပါက သို့မဟုတ် ချိုးဖောက်တော့မည်ဟု Huawei အနေဖြင့် ယုံကြည်ပါက၊
(2) သင် သို့မဟုတ် သင့်ကိုယ်စားဆောင်ရွက်သော တစ်စုံတစ်ဦးက မဟုတ်မမှန်စွာ သို့မဟုတ် တရားမဝင်စွာ ပြုမူဆောင်ရွက်ပါက သို့မဟုတ် မှားယွင်းသော သို့မဟုတ် နားလည်မှုလွဲမှားစေသော အချက်အလက်များကို Huawei ထံ ပံ့ပိုးပါက၊
(3) တရားဝင် ဥပဒေရေးရာကိစ္စရပ်အရ ဥပဒေစိုးမိုးရေး ရဲအရာရှိများ သို့မဟုတ် အခြားအစိုးရဌာနများ၏ တောင်းဆိုချက်များကို တုံ့ပြန်ရန်လိုအပ်ပါက၊
(4) စနစ်များ သို့မဟုတ် ဟာ့ဒ်ဝဲပိုင်းဆိုင်ရာ အရေးပေါ် ပြုပြင်ထိန်းသိမ်းမှု သို့မဟုတ် အရေးပေါ် အပ်ဒိတ်များ ဆောင်ရွက်ရန် လိုအပ်လာပါက သို့မဟုတ်
(5) မျှော်လင့်မထားသော နည်းပညာ၊ ဘေးကင်းရေး၊ လုပ်ငန်း သို့မဟုတ် လုံခြုံရေးဆိုင်ရာ အကြောင်းရင်းများကြောင့်။
ဤသဘောတူညီချက် သက်တမ်းကုန်ဆုံးခြင်း သို့မဟုတ် ၎င်းကို ရပ်ဆိုင်းခြင်းသည် ဤသဘောတူညီချက် သက်တမ်းကုန်ဆုံးပြီးနောက် သို့မဟုတ် ရပ်ဆိုင်းပြီးသည့် နောက်ပိုင်းတွင် ဆက်လက်လုပ်ဆောင်ရန် သို့မဟုတ် အကျိုးသက်ရောက်မှုရှိရန် အတိအလင်းဖော်ပြထားသည့် ဤသဘောတူညီချက်၏ စည်းကမ်းချက်များအပေါ် ထိခိုက်မည်မဟုတ်သည့်အပြင် ပြဋ္ဌာန်းထားပြီးဖြစ်သော အခွင့်အရေးများ သို့မဟုတ် တာဝန်ဝတ္တရားများ သို့မဟုတ် ယင်းကဲ့သို့ အကျိုးသက်ရောက်မှု မရှိတော့သည့်နောက်တွင်ပင် သို့မဟုတ် ရပ်ဆိုင်းပြီးနောက်တွင်ပင် ဆက်လက်တည်ရှိနေစေရန် ရည်ရွယ်ထားသော အခွင့်အရေးများ သို့မဟုတ် တာဝန်ဝတ္တရားများကို ထိခိုက်စေမည်မဟုတ်ပါ။
၎င်းနောက် ၎င်း၏သဘောသဘာဝအရ ဆက်လက်အကျုံးဝင်နေသော သို့မဟုတ် ဆက်လက်အကျုံးဝင်နေရမည်ဟု အတိအလင်းဖော်ပြထားသော စည်းမျဉ်း တစ်ခုခုသည် အဆိုပါ စည်းမျဉ်းကို ဖြည့်ဆည်းဆောင်ရွက်ပြီးသည့် အချိန်မရောက်မချင်း သို့မဟုတ် အဆိုပါ စည်းမျဉ်းက ၎င်း၏ သဘာဝအရ သက်တမ်းကုန်သွားသည့်အချိန်မရောက်မချင်း သဘောတူညီချက် ရပ်စဲပြီးနောက် ဆက်လက်၍ အပြည့်အဝ အာဏာသက်ရောက်မှု ရှိရပါမည်။
15. ဤသဘောတူညီချက်ရှိ ပြောင်းလဲမှုများ
Huawei သည် ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် တီထွင်ဆန်းသစ်ပြီး၊ ပြောင်းလဲကာ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိပါသည်။ Huawei အနေဖြင့် ဝန်ဆောင်မှုများတွင် လုပ်ဆောင်နိုင်စွမ်းများ သို့မဟုတ် လုပ်ဆောင်ချက်များကို ထည့်ခြင်း သို့မဟုတ် ဖယ်ရှားခြင်း၊ ကန့်သတ်ချက်အသစ်များ ပြုလုပ်ခြင်း သို့မဟုတ် ဝန်ဆောင်မှုတစ်ခုကို ယာယီဖြစ်စေ၊ အပြီးတိုင်ဖြစ်စေ ဆိုင်းငံ့ခြင်း သို့မဟုတ် ရပ်ဆိုင်းခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ Huawei သည် ဝန်ဆောင်မှုများ၏ အပ်ဒိတ်များအပေါ် အခြေခံ၍လည်း သဘောတူညီချက်ကို အချိန်မရွေး မွမ်းမံပြင်ဆင်နိုင်ပါသည်။
ကျွန်ုပ်တို့အနေဖြင့် ဝန်ဆောင်မှုများ သို့မဟုတ် ဤသဘောတူညီချက်တွင် ကျွန်ုပ်တို့၏ သုံးစွဲသူများကို ပစ္စည်းပိုင်းဆိုင်ရာအရ ထိခိုက်နစ်နာစေမည့် သို့မဟုတ် ဝန်ဆောင်မှုများကို ၎င်းတို့၏ ဝင်ရောက် သုံးစွဲခွင့် သို့မဟုတ် သုံးစွဲမှုကို ပစ္စည်းပိုင်းဆိုင်ရာအရ ကန့်သတ်လိုက်မည့် ပြောင်းလဲမှု တစ်စုံတစ်ရာ ပြုလုပ်ပါက သင့်လျော်သော အချိန်အတွင်း သင့်ကို အသိပေးပါမည်။ လုံခြုံရေး၊ ဘေးကင်းရေး၊ ဥပဒေဆိုင်ရာ သို့မဟုတ် စည်းကမ်းထိန်းသိမ်းမှုပိုင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီအောင် သဘောတူညီချက်တွင် မွမ်းမံပြင်ဆင်မှုများ လုပ်ဆောင်ရန် လိုအပ်ပါက ကျွန်ုပ်တို့သည် အထက်ပါ အချိန်အတိုင်းအတာများအတိုင်း ကိုက်ညီအောင် လုပ်ဆောင်နိုင်မည်မဟုတ်ဘဲ လက်တွေ့ဆောင်ရွက်နိုင်သည်နှင့်ချက်ချင်း ဤပြောင်းလဲမှုများအကြောင်း ကျွန်ုပ်တို့က သင့်ကို အမြန်ဆုံး အသိပေးသွားပါမည်။
16. အထွေထွေ စည်းမျဉ်းများ
ဝန်ဆောင်မှုများ သို့မဟုတ် ပြင်ပအဖွဲ့အစည်းများသည် အခြားဝဘ်ဆိုက်များ သို့မဟုတ် ရင်းမြစ်များအတွက် လင့်ခ်များကို ပံ့ပိုးပေးနိုင်ပါသည်။ ကျွန်ုပ်တို့သည် ယင်းကဲ့သို့ ပြင်ပဝက်ဘ်ဆိုဒ်များ သို့မဟုတ် ရင်းမြစ်များကို ရရှိနိုင်မှုအတွက် တာဝန်မခံကြောင်းနှင့် ယင်းဝက်ဘ်ဆိုဒ်များ သို့မဟုတ် ရင်းမြစ်များတွင်ဖြစ်စေ၊ ၎င်းတို့မှတစ်ဆင့် ဖြစ်စေ ရရှိနိုင်သော အကြောင်းအရာ၊ ကြော်ငြာ၊ ကုန်ပစ္စည်းများ သို့မဟုတ် အခြားအချက်အလက်များအတွက် ထောက်ခံချက်ပေးမည် မဟုတ်သလို ၎င်းတို့အတွက် တာဝန်ယူမည် သို့မဟုတ် ပေးရန်တာဝန်ယူမည် မဟုတ်ကြောင်း သင်က အသိအမှတ်ပြု သဘောတူပါသည်။ ယင်းကဲ့သို့သော ဝက်ဘ်ဆိုဒ် သို့မဟုတ် ရင်းမြစ်တစ်ခုခုတွင် သို့မဟုတ် ယင်းတို့မှတစ်ဆင့် ရနိုင်သည့် အကြောင်းအရာ၊ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုမှန်သမျှကို သင်၏ အသုံးပြုမှု သို့မဟုတ် ၎င်းတို့အပေါ် အားထားမှုကြောင့် သို့မဟုတ် ၎င်းတို့နှင့် ဆက်စပ်၍ ဖြစ်ပွားသော သို့မဟုတ် ဖြစ်ပွားသည်ဟု စွပ်စွဲခံရသော ထိခိုက်ပျက်စီးမှု သို့မဟုတ် ဆုံးရှုံးမှုမှန်သမျှအတွက် ကျွန်ုပ်တို့က တာဝန်မယူပါ။
သဘောတူညီချက်ရှိ မည်သည့်အကြောင်းအရာကိုမျှ သင်နှင့် Huawei အကြား မိတ်ဖက်ပြုမှု သို့မဟုတ် ကိုယ်စားလှယ်လုပ်ငန်းဆိုင်ရာ ဆက်ဆံရေးတစ်ခုကို ဖန်တီးမှုဟု အဓိပ္ပါယ်ကောက်ယူရမည် မဟုတ်သည့်အပြင် မည်သည့်အဖွဲ့အစည်းကမျှ အခြားသူ၏ အမည်ဖြင့်ဖြစ်စေ၊ အခြားသူကိုယ်စားဖြစ်စေ ပေးလျော်ရန် ကြွေးမြီ သို့မဟုတ် ကုန်ကျစရိတ်မှန်သမျှကို ကျခံရန် အခွင့်အရေး သို့မဟုတ် လုပ်ပိုင်ခွင့် မရှိရပါ သို့မဟုတ် စာချုပ်များ သို့မဟုတ် အခြား သဘောတူညီမှုများတွင် ပါဝင်ခြင်းမပြုရပါ။
Huawei က ကျိုးကြောင်းသင့်လျော်စွာ ထိန်းချုပ်နိုင်ခြင်းမရှိသော ကိစ္စရပ်များကြောင့် သို့မဟုတ် ယင်းတို့ကို အကြောင်းခံ၍ သဘောတူညီချက် သို့မဟုတ် ဝန်ဆောင်မှုများ၏ ပြဌာန်းချက်အောက်ရှိ ကျွန်ုပ်တို့၏ တာဝန်ဝတ္တရားများကို ဆောင်ရွက်ရန် ပျက်ကွက်မှု သို့မဟုတ် နှောင့်နှေးမှု တစ်စုံတစ်ရာ ဖြစ်ပွားပါက ၎င်းတို့အတွက် Huawei တွင် တာဝန်မရှိပါ။
Huawei သည် သဘောတူညီချက်အောက်ရှိ ကျွန်ုပ်တို့၏ အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများကို လွှဲပြောင်းနိုင်၊ တစ်ဆင့်ခံ ကန်ထရိုက်ပေးနိုင် သို့မဟုတ် အစားထိုးနိုင်ပါသည်။
လုပ်ပိုင်ခွင့်ရှိသော တရားစီရင်ပိုင်ခွင့်နယ်မြေ၏ တရားရုံး သို့မဟုတ် အခြား လုပ်ပိုင်ခွင့်ရှိသော အာဏာပိုင်အဖွဲ့က သဘောတူညီချက်၏ ပြဌာန်းချက်တစ်ခုခုကို ပယ်ဖျက်ခြင်း၊ တရားမဝင်စေခြင်း သို့မဟုတ် ပြဋ္ဌာန်းမရစေခြင်း ပြုလုပ်ထားကြောင်း တွေ့ရှိပါက ၎င်းကို သဘောတူညီချက်ထဲမှ ဖျက်ရမည်ဟု မှတ်ယူရမည်ဖြစ်ပြီး သဘောတူညီချက်၏ အခြားပြဌာန်းချက်အားလုံးက အပြည့်အဝ ဆက်လက်၍ အကျိုးသက်ရောက်မှု ရှိပါမည်။
ဤသဘောတူညီချက်သည် ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး သင်နှင့် ကျွန်ုပ်တို့အကြား အလုံးစုံသော သဘောတူညီမှုဖြစ်ပြီး ဤသဘောတူညီချက်တွင် မပါဝင်သည့် ကိုယ်စားပြုခြင်း၊ အာမခံခြင်း သို့မဟုတ် တာဝန်ယူဆောင်ရွက်ခြင်းတို့အပေါ် အခြေခံ၍ ဤသဘောတူညီချက် စာချုပ်ကို ယုံကြည်စိတ်ချစွာ ချုပ်ဆိုခဲ့ခြင်းမဟုတ်ကြောင်း သို့မဟုတ် ထိုသို့လုပ်ဆောင်ရန် ဆွဲဆောင်တိုက်တွန်းခံခဲ့ရခြင်း မဟုတ်ကြောင်း သင်က အသိအမှတ်ပြု သဘောတူပါသည်။
17. လိုက်နာဆောင်ရွက်ရမည့် ဥပဒေများနှင့် တရားစီရင်ပိုင်ခွင့်နယ်မြေ
သဘောတူညီချက် ပြုလုပ်ခြင်း၊ အဓိပ္ပါယ်ကောက်ယူခြင်းနှင့် အကျိုးသက်ရောက်စေခြင်းတို့အပေါ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်မည်ဖြစ်ပြီး ၎င်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ကောက်ယူပါသည်။ သင်နှင့် Huawei တို့သည် ဤသဘောတူညီချက်ကို Longgang District (လောင်ဂန်)ခရိုင်၊ Shenzhen (ရှန်ကျန်း)၊ Guangdong (ကွမ်တုန်း) ပြည်နယ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် လက်မှတ်ထိုးခဲ့ကြောင်း သဘောတူပါသည်။ နှစ်ဦးနှစ်ဖက်အကြား သဘောတူညီချက်တွင် ပါဝင်သည့် အကြောင်းအရာများကို ဆောင်ရွက်ခြင်းကြောင့် ဖြစ်ပွားသည့် အငြင်းပွားမှု မှန်သမျှကို ညှိနှိုင်းဆွေးနွေးခြင်းဖြင့် ဖြေရှင်းရမည်။ ညှိနှိုင်းဖြေရှင်း၍ မရပါက သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့သည့် နေရာရှိ သင့်လျော်သော တရားစီရင်ပိုင်ခွင့်နယ်မြေတွင်ရှိသော ပြည်သူ့တရားရုံးတွင် တစ်ဖက်ဖက်က တရားစွဲဆို တိုင်တန်းနိုင်ပါသည်။
သင်သည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခုတွင် နေထိုင်နေသော သုံးစွဲသူတစ်ဦးဖြစ်ပါက သင်နေထိုင်ရာနိုင်ငံရှိ သတ်မှတ်ပြဋ္ဌာန်းထားသော ဥပဒေပြဋ္ဌာန်းချက်မှန်သမျှမှ အကျိုးခံစားနိုင်မည်ဖြစ်ပါသည်။ အထက်ပါစာပိုဒ်အပါအဝင် ဤသဘောတူညီချက်ရှိ မည်သည့်အရာကမျှ ယင်းကဲ့သို့ ပြဋ္ဌာန်းသတ်မှတ်ထားသော ဒေသတွင်းဥပဒေ ပြဋ္ဌာန်းချက်များအပေါ် သုံးစွဲသူတစ်ဦးအဖြစ် သင်၏ မှီခိုအားထားခွင့်များကို ထိခိုက်စေမည် မဟုတ်ပါ။ ဥရောပ သမဂ္ဂသည် http://ec.europa.eu/consumers/odr/ တွင် သင် ဝင်ရောက် သုံးစွဲနိုင်သည့် အွန်လိုင်း အငြင်းပွားမှု ဖြေရှင်းရေး ပလက်ဖောင်းကို ပံ့ပိုးထားသည်။ ကျွန်ုပ်တို့ဘက်မှ အလေးထားအာရုံစိုက်စေလိုသော ကိစ္စရပ်တစ်ခု ရှိပါက ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။
18. ကျွန်ုပ်တို့ထံ ဆက်သွယ်ခြင်း
သဘောတူညီချက်နှင့် စပ်လျဉ်း၍ မေးမြန်းလိုသည်များ ရှိပါက hisuite@huawei.com တွင် ကျွန်ုပ်တို့ကို ဆက်သွယ်ပါ။
